ဘုရားသခင်သည် သင့်နာမည်ကို သိတော်မူသည်
ထူးခြားပြီး စိတ်ဝင်စားစရာ စာအုပ်အရောင်းမြှင့်တင်ရေး အစီအစဉ်တစ်ခုတွင် စာဖတ်ပရိသတ်များ၏နာမည်ကို စာအုပ်ထဲ၌ ဖော်ပြခွင့်ရရှိမည့် အခွင့်အရေးကို လေလံတင်ရောင်းချခဲ့သည်။ ပါဝင်လိုသူများသည် အရောင်းရဆုံး စာရေးဆရာတစ်ဦး၏ နောက်ထွက်ရှိမည့် ဝတ္ထုရှည်တွင် ဇာတ်ကောင်တစ်ဦးအဖြစ် မိမိတို့၏ နာမည်အသုံးပြုခွင့်ရရန် ငွေကြေးပေးဆောင်ကြရသည်။ လေလံပွဲတွင် ဈေးအမြင့်ဆုံးပေးသူသည် ထိုစာအုပ်ထဲ၌ အသုံးပြုမည့် နာမည်တစ်ခုကို ရွေးချယ်ခွင့် ရရှိခဲ့သည်။ လေလံပွဲမှရရှိသော ငွေများကို ပရဟိတလုပ်ငန်းများသို့ လှူဒါန်းခဲ့ပြီး စာရေးဆရာ၏ဝတ္ထုကိုလည်း အရောင်းမြှင့်တင်ပြီးသား ဖြစ်သွားသည်။
လူအများစုက စာအုပ်စာစောင်များတွင် မိမိတို့၏နာမည် ရိုက်နှိပ်ပါလာသည်ကို တွေ့ရလျှင် ဝမ်းမြောက်တတ်ကြသည်။ ၎င်းမှာ လူသိများထင်ရှားစေရန် (သို့) မိမိကိုယ်ကို “အသိအမှတ်ပြုခံရရန်” နည်းလမ်းတစ်ခုပင် ဖြစ်သည်။ သို့သော် ထို့ထက်သာ၍ အရေးကြီးသော ပုဂ္ဂိုလ်တစ်ပါးသည် သင့်နာမည်ကို သိရှိထားပြီး၊ သင့်ကိုလည်း ကြည့်ရှုလျက်ရှိကြောင်း စိတ်ချထားလိုက်ပါ။
ပရောဖက်ဟေရှာယက ဣသရေလလူမျိုးတို့အား ၎င်းတို့အပေါ်ထားရှိသော ဘုရားသခင်၏မေတ္တာတော်ကို ပြန်လည်သတိပေးစဉ်က “(ဘုရားသခင်က)သင်တို့ကို…

ဘုရားသခင် ရေးဆွဲသော သင်၏ပုံတူပန်းချီ
ဗြိတိန်ရုပ်သံလိုင်းမှ ထုတ်လွှင့်သော တစ်နှစ်တာအကောင်းဆုံးပုံတူရေး ပန်းချီပညာရှင် (Portrait Artist of the Year) အမည်ရှိ အစီအစဉ်တွင် ဝါသနာရှင် ပန်းချီဆရာကိုးဦးတို့သည် အနုပညာရှင်တစ်ဦး၏ပုံတူကို အပြိုင်အဆိုင် ရေးဆွဲကြရသည်။ ထိုပန်းချီကားကို လေးနာရီအတွင်း အပြီးသတ်ရမည်ဖြစ်ပြီး ရုပ်သံအစီအစဉ်တွင်မူ တစ်နာရီစာအဖြစ် ချုံ့၍ပြသထားသည်။ ပတ္တူစအလွတ်၌ ပန်းချီဆရာတစ်ဦးစီ၏ ဖန်တီးမှုများ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်ကို ကင်မရာမှတစ်ဆင့် ကြည့်ရှုရသည်မှာ အလွန်စိတ်ဝင်စားစရာပင်။
သမ္မာကျမ်းစာ၏ ကမ္ဘာဦးကျမ်းတွင် ဟင်းလင်းပြင်မှ သက်ရှိလောကကို ဘုရားသခင် ဖန်ဆင်းတော်မူခြင်းကို မှတ်တမ်းတင်ထားသည်။ သို့သော် ထွက် မြောက်ရာကျမ်း ၂ တွင် မောရှေဖွားမြင်ခြင်းဟူသည့် နောက်ထပ် “ဖန်ဆင်းခြင်းဆိုင်ရာ ဇာတ်လမ်း” တစ်ခုရှိနေပြီး၊ ဤနေရာမှ အသုံးအနှုန်းများက ကမ္ဘာဦးကျမ်းပါ ဖော်ပြချက်များကို ထင်ဟပ်နေသည်။ မောရှေ၏မိခင်သည် “သားသည် အဆင်းလှကြောင်းကို မြင်လျှင်” (ထွ ၂:၂) ဟု ဖော်ပြထားရာ၊…

ခရစ်တော်၌ တိတ်ဆိတ်စွာ သစ္စာရှိခြင်း
တက္ကသိုလ်ကြီးတစ်ခုတွင် ပန်းချီဆရာတစ်ဦးက ထိုတက္ကသိုလ် လည်ပတ်နိုင်ရန် နောက်ကွယ်မှ လုပ်ဆောင်ပေးနေကြသော ပြုပြင်ထိန်းသိမ်းရေး၊ အစား အစာဝန်ဆောင်မှု၊ ဥယျာဉ်ပြုစုရေးနှင့် လုံခြုံရေးဝန်ထမ်းအမျိုးသား၊ အမျိုးသမီး ၁၀ ဦးတို့၏ အံ့ဩဖွယ်ရာ ပုံတူပန်းချီကားများကို ရေးဆွဲခဲ့သည်။ ပန်းချီဆရာ မိုးရ်က ၎င်းတို့အား “လွှမ်းမိုးမှုအစွမ်းရှိသော အနေအထားမျိုး” ဖြင့် သရုပ်ဖော်လိုသည်ဟု သူပြောသည့်အတိုင်း ရေးဆွဲခဲ့သည်။ လူအများက သတိမပြုမိသော်လည်း လေးနက်တန်ဖိုးရှိသောအလုပ်ကို လုပ်ကိုင်နေသူများအတွက် ဂုဏ်သိက္ခာကို သူဖော်ဆောင်ပေးခြင်းဖြစ်သည်။ ထိုပုံတူပန်းချီကားများသည် ကျောင်းဝင်းအတွင်း ကာလရှည်ကြာဖြစ်ပွားနေခဲ့သော လူမျိုးစုကွဲပြားမှုဆိုင်ရာ စိတ်ဒဏ်ရာများကို ကုစားပေးရန်ပင် အထောက်အကူဖြစ်စေခဲ့သည်ဟု တက္ကသိုလ်တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၎င်းသည် ဘုရားသခင်၏စိတ်နှလုံးကို ထင်ဟပ်ပြသနေသည်။ ကောရိန္သုအသင်းသားများက ဘုရားသခင်၏ကတိတော်များကို ဆင်ခြင်နေကြစဉ် ရှင်ပေါလုက “သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့”(၁ ကော ၁၅:၅၈)ဟု တိုက်တွန်းခဲ့သည်။ ယေရှုခရစ်တော်၏ အသေခံခြင်းနှင့် ထမြောက် ရှင်ပြန်ခြင်းအောင်ပွဲကြောင့်(:၅၇) နှိမ့်ကျသော အလုပ်ဖြစ်စေ၊ လူမမြင်သော…

အဆုံးထိတိုင်အောင် ပို့ဆောင်တော်မူသည်
လီလီကန်နင်ဟမ်သည် အသက် ၁၁၀ ရှိပြီဖြစ်သော်လည်း လမ်းလျှောက်တုတ်ကို အားကိုးစရာမလိုဘဲ သွားလာနိုင်သူဖြစ်သည်။ သို့သော် သူမ နံနက်တိုင်း၊ ညတိုင်းဖတ်ရှုသည့် သမ္မာကျမ်းစာတော်မြတ်ကိုမူ အစဉ်အမြဲအားကိုးကာ တနင်္ဂနွေနေ့တိုင်းလည်း ဘုရားကျောင်းတက်သူဖြစ်သည်။ သူမ၏အသက်တာကို ပြန်လည်ဆင်ခြင်သည့်အခါ သူမက “ဘုရားသခင်က ကျွန်မတို့ကို အဆုံးတိုင်အောင် ပို့ဆောင်ပေးမယ်ဆိုတာကို ကျွန်မ အမြဲတမ်း ယုံကြည်ကိုးစားခဲ့ပါတယ်”ဟု ပြောသည်။
စစ်ပွဲများ၊ ကပ်ရောဂါများ၊ ခင်ပွန်းနှင့် မောင်နှမများ သေဆုံးခြင်းစသည့် ခက်ခဲသော ဒုက္ခများကြားမှ သူ့အား လမ်းပြပို့ဆောင်ပေးခဲ့သည့် ဘုရားသခင်ကို မစ္စကန်နင်ဟမ်သည် ယုံကြည်ကိုးစားလျက် ချီးမွမ်းခဲ့သည်။ သူမ၏ဘဝသည် “နံနက်အချိန်၌ ကရုဏာတော်ကိုလည်းကောင်း၊ ညအချိန်၌ သစ္စာတော်ကို လည်းကောင်း မြွက်ဆို”(ဆာ ၉၂:၁-၂) သည့် ဆာလံဆရာ၏အသက်တာနှင့် ဆင်တူလှသည်။ သူမ၏ မဆုတ်မနစ်ကိုးစားမှုသည် “ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ပွင့်လန်း၍ ... ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးသောသူတို့သည် ...အသက်ကြီးသောကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်”…

ဘုရားသခင်နှင့် ထက်ကြပ်မကွာ လျှောက်လှမ်းခြင်း
ဘာမှမမြင်ရဘဲ တာတိုပြေးပွဲတွင် တစ်ဟုန်ထိုး အစွမ်းကုန်ပြိုင်ပွဲဝင်နေခြင်းကို မြင်ယောင်ကြည့်ပါ။ ၎င်းမှာ မသန်စွမ်းအားကစားပြိုင်ပွဲ၌ အမြင်အာရုံချို့ယွင်းသူများက လမ်းပြနှင့်အတူ အပြေးပြိုင်ပွဲဝင်သည့် အဖြစ်အပျက်ပင်ဖြစ်သည်။ မျက်မမြင်အပြေးသမားများသည် လမ်းပြတစ်ဦးနှင့်အတူ ယှဉ်တွဲ၍ ပြေးကြရသည်။ လမ်းပြသူသည် အပြေးသမားနှင့်အတူ ခြေလှမ်းချင်းတစ်ထပ်တည်း ကျအောင် ဘေးချင်းယှဉ်ပြေးပေးရပြီး၊ ၎င်းတို့နှစ်ဦးကို ကြိုးတိုလေးတစ်ခုဖြင့် ချိတ်ဆက်ထားသည်။ အမေရိကန်အပြေးသမား ဒေးဗစ်ဘရောင်းသည် ကမ္ဘာ့ အမြန်ဆုံး မျက်မမြင်အပြေးသမားများထဲမှ တစ်ဦးဖြစ်ပြီး၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲကို ၁၁ စက္ကန့်မပြည့်မီအတွင်း ပြေးကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့သူဖြစ်သည်။ ဂျရုမ်း အေဗာရီ သည် ဘရောင်း၏ အားကစားသက်တမ်းတစ်လျှောက်လုံးတွင် လမ်းပြအဖြစ် ပါဝင်ခဲ့သည်။ ၎င်းတို့၏ဆက်နွှယ်မှုကို ဘရောင်းက “ကျွန်တော်တို့က လူတစ်ယောက်တည်းလိုပါပဲ”ဟု ပြောပြီး၊ အေဗာရီကလည်း “လူတစ်ယောက်တည်း ပြေးနေသလိုမျိုး မြင်ရမှာဖြစ်ပါတယ်”ဟု ထပ်တူပြောဆိုခဲ့သည်။
ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဖော်ပြသည့် အလွန်လှပသော ပုံရိပ်ဖြစ်သည်။ ကျွန်ုပ်တို့သည်…
